
မျှော်လင့်ခြင်း သတင်းစကား
ဖောဖောလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနဲ့ ကြီးပြင်းလာပြီး သူ့ဘဝ တစ်လျှောက်လုံးမှာ အသက်အန္တရာယ်လုံခြုံရေးအတွက် ပြေးလွှားနေရပါတယ်။ ဘာပြစ်မှုတွေ၊ တရားမဝင်တဲ့ လုပ်ရပ်တွေလုပ်ခဲ့မိလဲဆိုတာ သူကိုယ်တိုင် ရေရေရာရာ သေချာမသိပါဘူး၊ ဒါပေမယ့်သူမက ရာဇဝတ်သားတစ်ယောက်ဖြစ်နေပါတယ်။ ရဲတွေသာဖမ်းမိရင်တော့ သူမကို ကြီးကြီးမားမားအရေးယူပြီး အပြစ်ပေးခံရမှာ အသေအချာပါပဲ။ ငယ်ရွယ်သူတစ်ယောက်လဲဖြစ်ပြီး အချုပ်ထောင်ထဲမှာပဲ ဘဝကို အဆုံးမသတ်သွားချင်တော့ လွတ်ရာလမ်းကိုပဲ ကြိုးစားပြီး ပြေးနေရသူပါ။ ဖောဖောရဲ့ ဘဝက သနားစရာကောင်းပါတယ်၊ လွတ်လွတ်လပ်လပ် သွားချင်တဲ့နေရာသွားပြီး ဘဝကို ပျော်ပျော်ပါးပါး နဲ့ မနေနိုင်ရှာပါဘူး။ ဘယ်သွားသွားဘယ်လာလာ ပတ်ဝန်းကျင်ကို ဂရုစိုက်နေရပြီး သူ့ကိုစောင့်ကြည့်မယ့်သူ၊ ရဲ၊ တွေ မတွေ့အောင် အမြဲသတိထားနေရပါတယ်။
တစ်မနက်ခင်းမှာ၊ တစ်နေရာကိုသွားနေရင်း မြစ်ကိုဖြတ်ပြီး မြစ်လယ်လောက်ရောက်တော့ သူမနောက်ကို လိုက်လာတဲ့ ယောက်ျားကြီး (၃) ယောက်ကို ရုတ်တရတ်ဆိုသလို သတိထားမိသွားပါတယ်။ ချက်ချင်းပဲ လှေမောင်းသမားကို ဦးတည်ရာပြောင်းခိုင်းပြီး သူ့နောက်လိုက်နေတဲ့ သူတွေဆီကနေ မျက်ချေဖြတ်ဖို့ လွတ်ရာလမ်းကိုမောင်းခိုင်းပါတော့တယ်။ အဲ့နေ့ကတော့ သူမအတွက် သဲထိတ်ရင်ဖိုနဲ့ လွတ်မြောက်ခဲ့ပြီး နောက်ဆို ပိုပြီး သတိထားဖို့အကြောင်းဖြစ်လာပါတယ်။ အဲလိုနဲ့ တစ်ရက်မှာတော့ စားစရာ သွားဝယ်ရင်း ကံမကောင်းစွာနဲ့ပဲ သူမကိုအမြဲစောင့်ကြည့်နေတဲ့ ရဲ ဖမ်းမိသွားပြီး၊ နေရာတစ်နေရာကို ပို့ခံရပါတော့တယ်။ သူမအတွက်တော့ အင်မတန် မျှော်လင့်ချက်မဲ့ပြီး ခိုကိုးရာမဲ့အခြေအနေပါ၊ မမျှော်လင့်ပဲ၊ အဲ့ဒီနေရာမှာ သူမ လိုပဲ အဖမ်းဆီးခံရသူအများကြီးကို သတိထားမိသွားပါတယ်။ အားလုံးက ရာဇဝတ်သားတွေဖြစ်ပြီး၊ အစီရင်ခံ၊ အပြစ်ပေးခံရမယ့်သူတွေပါပဲ။ အာဏာပိုင်အရာရှိနဲ့ အစောင့်တွေက စစ်ဆေးဖို့ သူတို့အားလုံးကို တန်းစီရပ်ခိုင်းထားတယ်။ စစ်ဆေးရေးဂိတ်ကနေ မလှမ်းမကမ်းမှာ လူသတ်ကွင်းရှိပြီး ရာဇဝတ်သားတွေကို သေမိန့်ပေးကြိုးဆွဲချတဲ့ နေရာပါ။ သူမအဲဒီနေရာကိုလှမ်းတွေ့တဲ့အခါမှာ အရမ်းထိတ်လန့်တုန်လှုပ်ပြီး ဖြူဖတ်ဖြူရော် ဖြစ်လာပါတယ်။ သူမအတွေးထဲမှာ သူမရဲ့ ဘဝကို ဒီလိုအဆုံးမသတ်ချင်ဘူး။ သူမနဲ့အတူ တန်းစီနေတဲ့လူတွေရဲ့ မျက်နှာမှာလည်း ကြောက်ရွံ့ခြင်းတွေ မျှော်လင့်ချက်မဲ့ပြီး သောကမီးတွေနဲ့ လောင်မြိုက်နေတာကို တွေ့နေရတယ်၊ ဒါပေမယ့် အားလုံးကတော့ တိတ်ဆိတ်နေပြီး သူတို့ဘဝကို ဒီလိုအဆုံးသတ်သွားဖို့ အသင့်ပြင်ပြီး ရှေ့ကို တရွှေ့ရွှေ့သွားနေကြပါတယ်။ လူတွေတစ်ယောက်ပြီးတစ်ယောက် စစ်ပြီးတော့ သူမ အလှည့်ရောက်လာပါတယ်။
အာဏာပိုင် အရာရှိက စစ်ဆေးပြီး သူမကို လူသတ်ကွင်းကိုသွားဖို့ပြောလိုက်ပါ တယ်။ တရွှေ့ရွှေ့သွားနေတဲ့ကြတဲ့ လူအုပ်နောက်လိုက်ရင်း ကြိုးကွင်းထဲရောက်ရင် တစ်ယောက်ယောက်က ကြိုးဆွဲချပေးမယ်လို့ပြောလိုက်ပါတယ်။ စစ်ဆေးရေးဂိတ်ဖြတ်ပြီးနောက်မှာတော့ သူမ မှင်သက်သွားပြီး အသတ်ခံမယ့်နေရာဆီကို သူမ ခြေလှမ်းတွေ မလှမ်းချင်တော့ပါဘူး။ မမျှော်လင့်ပဲ အဲဒီအနားမှာ ချုံပုတ်အသေးလေးနဲ့ တံခါးပေါက်သေးသေးလေး တစ်ခုကို သူမ လှမ်းတွေ့လိုက်ပါတယ်။ သူမ စက္ကန့်ပိုင်းလောက် တွေဝေသွားပြီး၊ စဉ်းစားနေတာကတော့“ငါ့မှာရွေးစရာ လမ်းမရှိတော့ဘူး၊ ငါမကြာခင် ကြိုးဆွဲချ ခံရတော့မှာ ၊ တံခါးဝသေးသေးလေးရှိနေတဲ့ ဒီချုံပုတ်နား အားကုန်ပြေးသွားရင်တော့ ငါ့ဘဝ လွတ်လမ်း ရှိနိုင်တယ်၊ မဟုတ်ရင်တော့ ကြိုးကွင်းထဲရောက်ပြီး ကြိုးဆွဲချခံရ လိမ့်မယ်”။သူမ အဲဒီနောက်ဆုံးအခွင့်အရေးကို အရယူဖို့ ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ချက် ချပြီး သက်ပြင်း တစ်ချက် ချကာ ပြေးဖို့ရန်အသင့်ပြင်ပြီး အဲတံခါးပေါက်လေးဆီကို စပြေးပါတော့တယ်။ အစောင့်တွေက အနောက်ကနေ တောက်လျှောက်ပြေးလိုက်လာပါတယ်။ သူမလည်း ပြေးရင်း အစောင့်လည်း လိုက်ရင်း တံခါးပေါက်နား ရောက်လာပါတယ်။ တံခါးပေါက်ကို စ၀င်လိုက်တာနဲ့ နောက်လှမ်းကြည့်တဲ့အခါမှာ ဘယ်သူမှ နောက်ဆက်မလိုက်လာတော့တာကို သတိထားမိလိုက်တယ်။ အဲ့အချိန်မှာတော့ သေမိန့်ကနေ လုံးလုံးလျားလျားလွတ်သွားပြီဆိုတာ သိလိုက်ရပြီး ပျော်ရွှင်ကြည်နူးမှု၊ စိတ်ချသေချာမှုအပြည့်နဲ့ ရှေ့ကို ဖြေးဖြေးချင်း ဆက်သွားပါတော့တယ်။
သင်သတိထားမိချင်မှ သတိထားမိမယ်၊ သင်နဲ့ ကျွန်ုပ်က အပြစ်သားအနေနဲ့ ဒီကမ္ဘာကြီးထဲကို မွေးဖွားလာတာ၊ အဲဒါကြောင့်ပဲ နေ့တိုင်း အပြစ်တွေ လုပ်နေကြတာပေါ့။ သင့်နှလုံးသားထဲမှာ တစ်ခုခုဟာတာတာ လိုနေတာကို သင်ခံစားမိနိုင်တယ်၊ ပြီးတော့ တစ်ယောက်ယောက်ဆီကနေ သင်လွတ်ရာလွတ်ကြောင်း ပြေးနေတာလည်း ဖြစ်နိုင်တယ်။ သင်ကျူးလွန်ထားတဲ့ အပြစ်အတွက် အပြစ်ပေးခံရမှာလည်း သင်သိတယ်။ အပြစ်ဒဏ်ကနေ လွတ်ဖို့သင်ဟာ ရုန်းကန်နေပြီးတော့ သင့်ဘဝက အကြောက်တရား ထိတ်လန့်မှုနဲ့ ပြည့်နေတယ်။ ပျော်ရွှင်ဝမ်းမြောက်ခြင်းကို သင်လိုချင်တောင့်တမိတယ် ဒါပေမယ့် ဘယ်မှာသွားရှာရမလဲ မသိဘူး။ သင် ဖောဖော နေရာမှ ခဏဝင်ကြည့်ပါ၊ ကြိုးဆွဲချအသတ်ခံရဖို့ လူသတ်ကွင်းကို လမ်းလျှောက်သွားနေတယ်။ သင်အဲ့ဒီအခိုက်အတန့်မှာ ဘာလုပ်မိမလဲ? တခြားလူတွေ ကိုယ်လွတ်ရုန်းပြီး မပြေးသလို သင့်ဘဝကို လွယ်လွယ်အရှုံးပေးမလား။ သတင်းကောင်းတစ်ခုကတော့ တံခါးပေါက်သေးသေးလေးက သေခြင်းတရားကနေ လွတ်ရာလမ်းကို ပို့ဆောင်ပေးနေပါတယ်။ ယေရှုက “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်”လို့ပြောခဲ့ပါတယ်။ ယေရှုက ဒီကမ္ဘာမြေကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က လာခဲ့ပြီး သင်နဲ့ ကျွန်ုပ်အပြစ်အတွက် သူကိုယ်စား အသေခံခဲ့ပါတယ်။အပြစ်ရဲ့ အခကား သေခြင်းဖြစ်ပြီးတော့ သင်နဲ့ ကျွန်ုပ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် သေကိုသေရမယ့်သူတွေပါပဲ။ ဒါပေမယ့် ယေရှုက ကျွန်ုပ်တို့အပြစ်အားလုံးအတွက် လက်ဝါးကားတိုင်မှာ ကိုယ်စား အသေခံပေးတယ်။ သင်္ဂြိုဟ်ခြင်းခံတယ်။ (၃) ရက်မြောက်နေ့မှာ ပြန်လည် ရှင်ပြန်ထမြောက်ပြီး ကျွန်ုပ်ရဲ့ အပြစ်အားလုံးကို ဆပ်ပေးလိုက်ပြီ ။ ယေရှုက သေခြင်း အစစ်အမှန်ကို အောင်မြင်တဲ့ ဘုရား၊ လူတွေကို ဖန်ဆင်းပြီး လူတွေကို ထာဝရ သေရမှာကို မလိုလားတဲ့အတွက် လာရောက်ကယ်တင်ခြင်း ဖြစ်ပါတယ်။ ထို ကယ်တင်ခြင်းကို ကျွန်ုပ်တို့ကို ယုံကြည်လက်ခံစေချင်ပြီးတော့ ယုံကြည်တဲ့သူအားလုံးကိုလည်း လွတ်မြောက်ခြင်းနဲ့ ထာဝရ အသက်ကို ပေးမှာဖြစ်တယ်။
ချစ်ရတဲ့ သူငယ်ချင်းတို့ရေ၊
သင်ဟာ လူသတ်ကွင်းကိုသွားတဲ့လမ်းမှာ လျှောက်နေတဲ့ သူပါ။ သေရမှာ ကျိန်းသေနေတဲ့လမ်းကနေ လွတ်ဖို့ လမ်း တစ်လမ်းရှိပါတယ်။
သင် လွတ်မြောက်ဖို့ ဘယ်အရာကို ရွေးချယ်မလဲ။
ယေရှုကို ရွေးချယ်ပါ!
သင်ကယ်တင်ခြင်းကို လက်ခံရရှိပြီး ငြိမ်သက်ခြင်း၊ လွတ်မြောက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ရရှိချင်ရင်၊ သင်ဒါတွေကို သိဖို့လိုပါတယ်၊
-
ကျွန်ုပ်တို့အားလုံးက အပြစ်ကျူးလွန်ကြပါတယ်
-
ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်ပြီးတော့ ကျွန်ုပ်တို့ တောင်းပန်ရင်၊ ခွင့်လွှတ်တဲ့ ဘုရားဖြစ်တယ်။
-
သင့်ဘဝကို အသစ်ပြန်လည်အသက်ရှင်ချင်တယ်လို့ ဘုရားကိုပြောပါ။
-
ဘုရားရဲ့ သား၊ ယေရှု၊ ကို သင့်ဘဝထဲနေရာယူဖို့ ဖိတ်ခေါ်ပါ၊ ပြီးရင် သူ့နောက်လိုက်ပါ။

သင်အခု အချက် (၄)ချက်ကို သိဖို့လိုပါတယ်။
၁။ ဒီဆုတောင်းချက် ဘုရားကိုတောင်းပါ။
ချစ်လှစွာသော အဖဘုရား၊ ကျွန်ုပ် အပြစ်အတွက် နောင်တရပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်ုပ်ကို ချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဘုရားရဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ကျွန်ုပ်ကိုဖြည့်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်ုပ်ကို သိစေလိုတဲ့အရာကို ကျေးဇူးပြုပြီး ဖွင့်ပြပေးပါ။
၂။ အခုအခါမှာတော့ သင်ဖတ်ဖို့ ကျမ်းစာအုပ် တစ်အုပ်ကိုရှာဖတ်ပြီး၊ ဘုရားကျေနပ်တဲ့အတိုင်း အသက်ရှင်ဖို့သင်ယူပါ။
၃။ သင့်ဆုံးဖြတ်ချက်ကို ခရစ်ယာန် တစ်ယောက်ယောက်ကို ပြောပြပြီးတော့ သူတို့ သင့်ကို ဆုတောင်းပေးပြီး ခွန်အားပေးနိုင်မှာပါ။
၄။ ဒီမှာ သင့်ဘဝအကြောင်းအရာကို ဝေမျှပေးဖို့ စာချန်ခဲ့ပါ ဒါမှ ကျွန်ုပ်တို့ သင့်ကိုဆုတောင်းပေးလို့ရမယ်။ သင်ကျမ်းစာအုပ်လိုချင်ရင်တော့ ကျွန်ုပ်တို့ သင့်ကိုပေးလို့ရပါတယ်၊ ပြီးတော့ သင်လိုအပ်တဲ့အရာနဲ့ပတ်သက်ပြီး အကူညီပေးနိုင်ပါတယ်။